Cool Fancy Shop ဈေးဝယ်ရန် အသုံးပြုပုံအဆင့်ဆင့်

 

ပထမဆုံးအနေနဲ့  မိမိလိုချင်သောပစ္စည်းကို ရွေးယူနိုင်ရန် အတွက် ဥပမာ အနေနှင့် အ၀တ်အထည်များကို ကြည့်ရှုလိုပါက  မြှားပြထားသော CLOTHING နေရာကို click နှိပ်ပြီး ကြည့်ရှု နိုင်သလို  fashion နှင့် ပတ်သက်သော ပစ္စည်းများကို ကြည့်ရှုလိုပါက  FASHION ACCESSORIES ကို နှိပ်ပြီးတော့ လည်း ကြည့်ရှုနိုင်ပါတယ် ။

ထိုကဲ့သို့ မကြည့်ရှုလိုပါက နောက်တစ်နည်း အနေနှင့် ပြထားသော Search Box နေရာတွင် မိမိလိုချင်သော ပစ္စည်းကို နာမည် ၊ အမျိုးအစား စသည့်ဖြင့် စာရိုက်ထည့်ပြီး ရှာနိုင်ပါတယ်ရှင် ။ 

 

 

နံပါတ်(၂) အနေ ဖြင့် မိမိလိုချင်သော ပစ္စည်းရဲ့ ဈေးနှုန်းနှင့် ဘာသာစကားကို(Kyats)(English)နေရာတွင်လည်း ရွေးနိုင်ပါသည်။

 

 

နံပါတ် (၃) အချက်ကတော့ မိမိလိုချင်သောပစ္စည်း အသေးစိတ်ကို ကြည့်ရှုနိုင်ရန်  သိရှိလိုသော ပုံကို click နှိပ်၍ ၀င်ရောက် ကြည့်နိုင်ပါသည်။

 

 

အဆင့်(၄)  အနေနဲ့ ကတော့ Customers များ ပစ္စည်း စိတ်ကြိုက်တွေ့ပြီး ၀ယ်ယူလိုပါက  size ရှိလျှင် size ရွေး  ၊ အရောင် ရှိလျှင် လိုချင်သည့် အရောင် ကို ရွေးပေး၍  ADD TO CART  နေရာ ကိုနှိပ်ပြီး ၀ယ်ယူနိုင်ပါတယ် ။

 

 

နံပါတ် (၅) အချက် အနေ နဲ့ မိမိဝယ်ယူထားသော ပစ္စည်းအရေအတွက် မှန် ၊ မမှန် နှင့် ပိုက်ဆံပမာဏ ကို ပြန်လည် စစ်ဆေးကြည့်ရှုလိုပါက Shopping Cart နေရာတွင် နှိပ် ပြီး ကြည့်နိုင်ပါသည်။

 

 

နံပါတ် (၆) အချက် အနေနဲ့  မိမိဝယ်ယူထားသော  ပစ္စည်း အရောင် ၊ အရွယ်အစား နှင့် ပိုက်ဆံ စာရင်းအတိအကျ စသည်တို့ကို သိလိုလျှင် (View Cart) ကိုနှိပ်၍ကြည့်နိုင်ပါတယ်ရှင် ။

 

နံပါတ် (၇) အချက်ကတော့ မိမိဝယ်ယူထားသော ပစ္စည်းစာရင်းမှန် ၊ မမှန် စစ်ပြီးပါက ငွေပေးချေမှုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

ပထမဆုံး အနေနဲ့  Discount coupon code (သို့မဟုတ်) gift voucher ရှိပါက တခုခုကို ရွေးချယ်ပေးရပါမယ် ။ မရှိခဲ့ ရင်တော့ ရွေးချယ်ဖို့မလိုပါဘူးရှင် ။

Use Coupon Code ----------------- (Copoun Code ရှိပါက ရွေးချယ်ရန်)
Use Gift Voucher ------------------ (Gift Viucher ရှိပါက ရွေးချယ်ရန်)

ဒုတိယ အနေနဲ့ကတော့ Delivery type ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ် ။ 
Self Collection  -------------------- (မိမိ ကိုယ်တိုင် လာယူလို ပါက ရွေးချယ်ရန်)
Estimate Delivery Fees ------------ (Delivery လုပ်လိုပါက ရွေးချယ်ရန်)

Customers များအနေနဲ့ ဆက်လက်၍ ဈေးဝယ်လိုလျှင် Continue Shopping ကိုနှိပ်ပြီး ဆက်လက်ဝယ်ယူနိုင်ပါတယ်။  လိုချင်တာများ ရရှိပြီး အဆင်ပြေပြီ ဆိုပါက  CHECK OUT ကို နှိပ်၍ payment  ရှင်းနိုင်ပါပြီရှင် ။

 

 

နံပါတ် (၈) အချက်အနေနှင့် payment ရှင်းတော့မည်ဆိုပါက  မိမိသည် register လုပ်ထားပြီးပြီဆိုလျှင် E-mail နှင့် password ကိုထည့်ပါ။ register မလုပ်ထားပါက Continue ကိုနှိပ်ပါ။

 

 

နံပါတ် (၉) အချက် အနေဖြင့် အကောင့်အသစ် Register လုပ်ရန် ။ ပုံတွင်ပြထားသည့်အတိုင်း ဖြည့်စွက်၍ privacy policy ကို အမှန်ခြစ်၍ continue ၇ပါမည်။

 

 

နံပါတ် (၁၀) ကတော့ Bill ရှင်းရန် အတွက် လိပ်စာကို confirm ဖြစ် ၊ မဖြစ် ပြန်စစ်ပေးရပါမယ်။

မိမိ၏လိပ်စာမပြောင်းလဲဘူးဆိုလျှင် ပုံတွင်ပြထားသည့်အတိုင်း  (I want to use an existing address) ကို အမှန်ခြစ်ပြီး Continue ကိုနှိပ်ပါ။ (သို့မဟုတ်) လိပ်စာအသစ် ထပ်ထည့်လိုလျှင်  ( I want to use a new address) ကိုအမှန်ခြစ်ပြီး Continue ကိုနှိပ်ပြီး လိပ်စာအသစ်ကို ထပ်မံ ရိုက်ထည့်ပေးရပါမယ်။ 

 

 

နံပါတ် (၁၁) အချက် အနေဖြင့် Order ရောက်ရှိပါက အသုံးပြုလိုသည့် delivery type အမျိုးအစားကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

မိမိကိုယ်တိုင်လာယူမည်ဆိုလျှင် Self Collection ကိုအမှန်ခြစ်ပြီး Continue ကိုနှိပ်ပေးရပါမယ်။

(သို့မဟုတ်) Delivery နဲ့မှာယူလိုလျှင် Delivery Fees ကို အမှန်ခြစ်ပြီး Continue ကို နှိပ်ပေးရပါမယ်ရှင် ။

အားလုံး မှန်ကန်ပြီ ဆိုပါက continue ကို နှိပ်ပြီး နောက်တစ်ဆင့်ကို ထပ်သွားပေးရပါမယ်။ 

 

 

နံပါတ် (၁၂) အချက်အနေဖြင့်  မိမိဝယ်ယူထားသော ပစ္စည်းများကို ငွေပေးချေရန် အတွက် အသုံးပြုလိုသော ပုံစံကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်ရှင် ။
            (1)        Paypal Express Checkout 
            (2)        Bank Transfer
            (3)        Cash (Yangon Only)
စသည့် ပုံစံ (၃)မျိုးထဲက မိမိ ပေးချေလိုသော စနစ်ကို အမှန်ခြစ်ပြီး Continue နှိပ်ပေးရပါမယ်ရှင်  ။

 

 

နံပါတ် (၁၃) အချက် အနေဖြင့်  မိမိ ၀ယ်ယူလိုသောပစ္စည်းများကို နောက်တစ်ခါ ထပ်မံ စစ်ပေးရမှာ ဖြစ်ပါတယ် ။

အားလုံး မှန်ကန်ပြီ ၊သေချာပြီဆိုပါက ပုံတွင်ပြထားသည့် CONFIRM ORDER ကိုနှိပ်ပေးရပါမယ်ရှင် ။

 

 

နောက်ဆုံး အဆင့် အနေဖြင့် အပေါ်က အချက်အလက်များကို လုပ်ဆောင်ပြီးပီဆိုပါက  Continue ကို နှိပ်ပေးပြီးလျှင်  order အဆင်ပြေပြေနှင့် မှာယူပြီးစီးသွားပြီ ဖြစ်ပါတယ် ရှင် ။